(၁) ယံမင်္ဂလံ
ဒွါဒသဟိ ၊ စိန္တယိံသု သဒေ၀ကာ။
သောတ္ထာနံ နာဓိဂစ္ဆနိ
္တ၊ အဋ္ဌတ္တိံသဉ္စ မင်္ဂလံ။
(ပါဠိ)
နတ်နှင့်အတူ ခပ်သိမ်းလူတို့သည်ချမ်းသာစီးပွားကြီးထွားခြင်း၏
အကြောင်းရင်းဖြစ်သော မင်္ဂလာတရားသုံးဆယ့်ရှစ်ပါးကို တစ်ဆယ့်နှစ်နှစ်ပတ်လုံးကြံစည်ကြကုန်၏။ထိုသို့ကြံစည်ကြပါကုန်သော်လည်း
မင်္ဂလာတရားမြတ်ကို မသိနိုင်ရှာကုန်။(အဓိပ္ပါယ်)
(၂) ဒေသိတံ
ဒေ၀ဒေဝေန ၊ သဗ္ဗပါပ၀ိနာသနံ ။
သဗ္ဗလောက ဟိတ္ထာယ ၊ မင်္ဂလံ
တံ ဘဏာမ ဟေ။(ပါဠိ)
မြတ်စွာဘုရားသည်
လောကလူသားတို့၏ အကျိုးစီးပွား အလို့ငှာ မကောင်းမှုမှန်သမျှကို ပယ်ဖျောက်တတ်သော မင်္ဂလာတရားတော်ကို
ဟောကြားတော်မူ၏ ။ အိုသူတော်ကောင်းတို့ ငါတို့သည် ထိုမင်္ဂလာတရားတော်ကို ရွတ်ဖတ်ကြကုန်စို့။(အဓိပ္ပါယ်)
(၃) ဧ၀ံမေသုတံ
ဧကံ သမယံ ဘဂ၀ါ သာတ္တိ
ယံ ၀ိဟရတိ
ဇေတ၀နေ
၊ အနာထပိဏကဿအာရာမေ။
အထ
ခေါ အညတရာ ဒေ၀တာ
အဘိက္တ
န္တာယ ရတ္တိယာ အဘိက္တ န္တ၀ဏ္ဏာ
ကေ၀လကပ္ပံ
ဇေတ၀နံဩဘာသေတွာ
ယေန
ဘဂ၀ါ ၊ တေနုပသင်္ဂမိ ၊ ဥပသင်္ဂမိတွာ
ဘဂ၀န္တံ ဂါထာယ အဇ္ဈဘာသိ။(ပါဠိ)
အရှင်မဟာကဿပ တပည့်တော် အာနန္ဒာ ဤသို့နာယူမှတ်သားခဲ့ရပါသည်
အရှင်ဘုရား ။ အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္တိပြည်အနီး အနာထပိဏ်သူဌေး၏ ဇေတ၀န်ကျောင်းတော်၌
သီတင်းသုံးနေတော်မူပါသည်ဘုရား။ ထိုအခါ အလွန်လှပသော နတ်သားတစ်ယောက်သည် သန်းခေါင်ကျော်အချ
ိန် ဇေတ၀န်ကျောင်းတိုက်တစ်တိုက်လုံးကို အရောင်အ၀ါထွန်းပစေပြီး မြတ်စွာဘုရား သီတင်းသုံးတော်မူရာအရပ်သို့ချဉ်းကပ်ပါသည်ဘုရား
ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရားကိုရိုရိုသေသေ ရှိခိုး၍ ဝေးနီးလေညာ မြင့်မူရာနှင့် မျက်နှာချင်းအပ်နောက်ကျောရပ်
ဟုခြောက်ရပ်ပြစ်ကွာ သင့်တင့်ရာတစ်ခုသောအရပ်၌ မတ်တတ်ရပ်ကာနေပါသည်ဘုရား ။ နတ်သားက မတ်တတ်ရပ်လျက်
မြတ်စွာဘုရားကိုဂါထာဖြင့်လျှောက်ပါသည်ဘုရား။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားကို
နတ်လူအများ ကြံစည်ပေ။
ဘယ်သင်း ဘယ်ဟာ မင်္ဂလာစစ်ဟု ၊
သေချာဇာစ်မြစ် မသိပေ။
ဆယ့်နှစ်နှစ်တိုင် နှုတ်ပြိုင်ငြင်းလို့၊
မင်္ဂလာအခင်း မပြီးပေ။
မင်္ဂလာတရား ၊၀ါဒများ ၊ကွဲပြားနတ်လူတွေ။
အဲဒါကြောင့် ကြံကြ စည်ကြ ကမ္ဘာ့မင်္ဂလာတွေ။
(၄) ဗဟူဒေ၀ါမနုဿာ
စ ၊ မင်္ဂလာနိ အစိ န္တယုံ။
အာကင်္ခမာနာ
သောတ္ထာနံ ၊ ဗြူဟိ မင်္ဂလ မုတ္တမံ။(ပါဠိ)
အရှင်မြတ်ဘုရား ရာပေါင်းများစွာသော နတ်လူတို့သည်စီးပွာချမ်းသာချင်း၏
အကြောင်းဖြစ်သော မင်္ဂလာတရားတော်ကို ကြံစည်ကြပါကုန်သော်လည်း မင်္ဂလာတရားတော် ကိုမသိနိုင်ကြပါကုန်ဘုရား
။ ထိုသို့ မသိနိုင်ကြပါသောကြောင့် ဘုန်းတော်ကြီးမားမြတ်ဘုရားက မင်္ဂလာတရားတော်ကို ဟောကြားတော်
မူပါဘုရား။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
` သာဝတ္တိပြည်မွန် ဇေတ၀န်ကျောင်းဝယ် ၊
ကိန်းအောင်းပျော်မွေ့ မြတ်စိန္တေ။
သန်းခေါင်ယံခါ မထင်ရှားသည့်၊
နတ်သားတစ်ယောက်
ချဉ်းကပ်လေ။
ချဉ်းကပ်ပြီးသော် မင်္ဂလာသဘောကို၊
ထင်ရှားဟောဖို့ လျှောက်ပန်ချွေ။
အသေ၀နာတရား၊ အစထား၊ ဟောကြားမိန့်ခဲ့ပေ။
အဲဒါကြောင့် နာရ ကြားရ ကမ္ဘာ့မင်္ဂလာတွေ။
(၅) အသေ၀နာ
စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ္စသေ၀နာ။
ပူဇာ
စ ပူဇ နေယျာနံ ၊ ဧတံ မင်္ဂလ မုတ္တမံ ။(ပါဠိ)
မင်္ဂလာတရား
သုံးပါး
(က) အသေ၀နာစ ဗာလာနံ = လူမိုက်ကို မပေါင်းသင်းရ၊
(ခ) ပဏ္ဍိတာနဉ္စသေ၀နာ = ပညာရှိကို ပေါင်းသင်းရမည်၊
(ဂ) ပူဇာ စ ပူဇ နေယျာနံ = ပူဇော်ထိုက်သူကို ပူဇော်ရမည်။ (အဓိပ္ပါယ်)
မင်္ဂလာကဗျာ
လူမိုက်ဆိုလျှင်-ရှောင်သွေလွှဲလို့ ၊ မမှီဝဲနဲ့-ကင်းအောင်နေ၊
ပညာရှိကို-အရှည်တွဲလို့ ၊ မှီဝဲဆည်းကပ်-နည်းယူစေ၊
သုံးပါးရတနာ-မိဘများနှင့် ၊ ဆရာသမားကို-ပူဇော်လေ၊
ချမ်းသာကိုပေး-ဆက်ဆံရေး ၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၆) ပတိရူပ
ဒေသ၀ါသော စ ၊ ပုဗ္ဗေ စ ကတ ပုညတာ။
အတ္တသမ္မာ
ပဏိဓိ စ ၊ ဧတံမင်္ဂလ မုတ္တမံ ။
(ပါဠိ)
မင်္ဂလာတရား
သုံးပါး
(က) ပတိရူပ ဒေသ၀ါသော စ = သင့်တင့်လျောက်ပတ်
ကောင်းမြတ်သောအရပ်၌နေရခြင်း၊
(ခ) ပုဗ္ဗေ စ ကတ ပုညတာ =ရှေးဘ၀က ပြုခဲ့ဖူးသောကုသိုလ်ကောင်းမှု ရှိခြင်း၊
(ဂ)
အတ္တသမ္မာ ပဏိဓိ စ = အကျင့်သီလ မပျက်ရအောင်
ကိုယ်စိတ်နှစ်ပါး ကောင်းစွာထားခြင်း။
(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
ကုသိုလ်ပညာ-ဥစ္စာရဖို့ ၊ သင့်ရာဒေသ-အမြဲနေ၊
ရှေးကတင်ကြို-ပြုခဲ့ဖူးသည့် ၊ ကောင်းမှုအထူး-ရှိပါစေ၊
မိမိကိုယ်ကို-ကောင်းအောင်ထိန်းလို့၊
မတိမ်းစေနဲ့-ဆောက်တည်လေ၊
ဥစ္စာကိုပေး-နေထိုင်ရေး ၊မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၇) ဗာဟုသစ္စဉ္စ၊ သိပ္ပဉ္စ္စ ၊ ၀ိနယော စ သုသိက္ခိတော။
သုဘာသိတာ
စ ယာဝါစာ ၊ ဧတံမင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
လေးပါး
(က) ဗာဟုသစ္စဉ္စ္စ = အကြားအမြင် ဗဟုသုတများခြင်း၊
(ခ) သိပ္ပဉ္စ္စ = အပြစ်ကင်းသော လက်မှုပညာတတ်ခြင်း၊
(ဂ) ၀ိနယော စ = ကျင့်ဝတ် ၀ိနည်း သင်ခြင်း၊
(ဃ) သုဘာသိတာ စ = ချစ်ဖွယ် သာယာချိုသာစကားပြောကြာ့းခြင်း။ (အဓိပ္ပါယ်)
မင်္ဂလာကဗျာ
တတ်ကောင်းတတ်ရာ-ဟူသမျှကို ၊ ကြားမြင်သုတ-ရှိပါစေ၊
အိုးအိမ်တည်ထောင်-၀မ်းစာရေးနဲ့ ၊အသက်မွေးဖို့-အတတ်သင်လေ၊
လူနှင့်ဆိုင်ရာ-ကျင့်ဝတ်များကို ၊ ကောင်းစွာသင်ကြား-နားလည်စေ၊
မှန်ကန်ယဉ်ကျေး-ချိုသာအေး ၊ ဆိုရေးတတ်ပါစေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၈) မာတာပီတု
ဥပဋ္ဌာနံ ၊ ပုတ္တဒါရဿ သင်္ဂဟော။
အနာကုလာစ
ကမ္မန္တာ ၊ ဧတံမင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
သုံးပါး
(က) မာတာပီတု ဥပဋ္ဌာနံ = အမိအဖ ကိုလုပ်ကျွေးပြုစုခြင်း၊
(ခ) ပုတ္တဒါရဿ သင်္ဂဟော = သား သမီး ဇနီး မယားကို ချီးမြှင်.ထောက်ပံ့ခြင်း၊
(ဂ)
အနာကုလာစ ကမ္မန္တာ = ရှုပ်ထွေးခြင်းကင်းသော အလုပ်ကို လုပ်ခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
မြင်းမိုရ်ရွှေတောင်-မိဘကျွေးကို ၊ ကောင်းစွာဆပ်ပေး-၀တ်ကျေကျေ၊
ကြွေးသစ်ချကာ-သားနှင့်မယား ၊ မြှောက်စားချီးမြှင့်-၀တ်ကုန်စေ၊
အလုပ်တာဝန်-မလစ်ဟင်းနဲ့ ၊ အပြစ်ကင်းအောင်-လုပ်ပါလေ၊
စည်းစိမ်ကိုပေး-ပြုစုရေး ၊ မျှော်တွေးသုံးချက်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၉) ဒါနဉ္စ
ဓမ္မစရိယာ စ ၊ ဉာတကာနဉ္စသင်္ဂဟော။
အနာဝဇ္ဇာနိ
ကမ္မာနိ ၊ဧတံမင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
လေးပါး
(က) ဒါနဉ္စ = စွန့်ကြဲပေးကမ်းလှူဒါန်းခြင်း၊
(ခ) ဓမ္မစရိယာ စ = မိမိသန္တာန်၌
သုစရိုက်ဖြစ်အောင် ကျင့်ဆောင်ခြင်း။
(ဂ) ဉာတကာနဉ္စသင်္ဂဟော= ဆွေမျိုးများကို ပေးကမ်းချီးမြှင့်
ထောက်ပံ့ခြင်း။
(ဃ) အနာဝဇ္ဇာနိ ကမ္မာနိ
= အပြစ်မရှိသော အလုပ်တို့ကိုပြုလုပ်ခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
သုံးတန်စေတနာ-ဖြူစင်လန်းလို့ ၊ ပေးကမ်းဝေမျှ-လှူနိုင်စေ၊
ကိုယ်,နှုတ်,စိတ်ကြံ-မမိုက်မှားနဲ့ ၊ သုစရိုက်တရားကို-ကျင့်ပါလေ၊
ဆွေမျိုးတွေကို-ပြင်ပမထားနဲ့ ၊ သင်္ဂဟတရားနဲ့-ချီးမြှောက်လေ၊
သန့်စင်ပြစ်မျိုး-လူထုကျိုး ၊ သယ်ပိုးဆောင်ရွက်စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၀) အာရတီ
ဝိရတီ ပါပါ ၊ မဇ္ဇပါနာ စ သံယမော။
အပ္ပမာဒေါ
စ ဓမ္မေသု ၊ ဧတံမင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
လေးပါး
(က) အာရတီပါပါ = မကောင်းမှုတို့ကို စိတ်ဖြင့်ဝေးစွာရှောင်ကြဉ်ခြင်း၊
(ခ)
ဝိရတီပါပါ = မကောင်းမှုတို့ကို
ကိုယ်နှုတ်ဖြင့် အထူးရှောင်ကြဉ်ခြင်း၊
(ဂ) မဇ္ဇပါနာ စ သံယမော=မူးယစ်ဆေးဝါး သောက်စားခြင်းမှ
စောင့်စည်းခြင်း၊
(ဃ) အပ္ပမာဒေါ စ ဓမ္မေသု=သုစရိုက်ဆယ်ပါး ကုသိုလ်တရားတို့၌
မမေ့လျော့မပေါ့ဆခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
မကောင်းမှုတွေ-ဟူသမျှကို ၊ မတွေ့ခင်က-ရှောင်ကြဉ်လေ၊
တွေ့ကြုံလာလျှင်-မလွန်ကျူးနဲ့ ၊ အထူးသဖြင့်-စောင့်စည်းလေ၊
အရက်သေစာ-မသောက်စားနဲ့ ၊ မှောက်မှားတတ်တဲ့-အရာပေ၊
လုပ်ကိုင်ပြောကြား-သတိထား ၊ တရားမမေ့စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၁) ဂါရဝေါ
စ နိဝါတော စ ၊ သန္တုဋ္ဌိ စ ကတညုတာ။
ကာလေန
ဓမ္မဿဝနံ ၊ ဧတံ မင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
ငါးပါး
(က)
ဂါရဝေါ စ = အသက်သိက္ခာ ဂုဏ်ဝါကြီးမား
သောပုဂ္ဂိုလ်များကိုရိုသေလေးစားခြင်း၊
(ခ)
နိဝါတော စ = ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးနှင့်ချိုကျိုးနွားလားဒွန်းစဏ္ဍားပမာ
မာန်မာနကိုနှိမ့်ချခြင်း၊
(ဂ) သန္တုဋ္ဌိ စ = ရသမျှဖြင့်သာ ရောင့်ရဲလွယ်ခြင်း၊
(ဃ) ကတညုတာ = ရှေးကပြုဖူး သူ့ကျေးဇူးကို အထူးဆင်ခြင် သိမြင်ခြင်း၊
(င) ကာလေန ဓမ္မဿဝန = သင့်လျော်သောအခါ၌ တရားနာကြားခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
အသက်ဂုဏ်ဝါ-ကိုယ့်ထက်ကြီးက ၊ ဆည်းကပ်ခစား-ရိုသေသေ၊
မာနတံခွန်-ဂုဏ်မကြွနဲ့ ၊ ကိုယ့်ကိုနှိမ့်ချ-အမြဲနေ၊
လောဘအပို-လိုမလိုက်နဲ့ ၊ ကိုယ်ထိုက်တာနဲ့-ကျေနပ်လေ။
ကိုယ့်ပေါ်ပြုဖူး-သူ့ကျေးဇူး ၊ အထူးသိတတ်စေ၊
ကောင်းကျိုးဆင့်ပွား-မြတ်တရား ၊ နာကြားမပြတ်လေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၂) ခန္တီ
စ သောဝစဿတာ ၊ သမဏာနဉ္စ ဒဿနံ။
ကာလေန
ဓမ္မသာကစ္ဆာ ၊ ဧတံမင်္ဂလ မုတ္တမံ ။(ပါဠိ)
မင်္ဂလာတရား
လေးပါး
(က) ခန္တီ စ = မြေကြီးပမာ
အရာရာ၌ သည်းခံခြင်း၊
(ခ) သောဝစဿတာ = ဆုံးမခံယူလွယ်ကူသောသူဖြစ်ခြင်း၊
(ဂ) သမဏာနဉ္စ ဒဿန = ရဟန်းတော်တို့ကို ဖူးမြင်ရခြင်း၊
(ဃ) ကာလေန ဓမ္မသာကစ္ဆာ=သင့်လျော်သောအခါ၌ပညာရှိတို့နှင့်
တရားဓမ္မ ဆွေးနွေးတိုင်ပင်ခြင်း။
(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
စားဝတ်နေထိုင်-ရန်ခပ်သိမ်း ၊ စိတ်ကိုချုပ်ထိန်း-သည်းခံလေ၊
ကျိုးကြောင်းပြညွှန်-ဆုံးမစကား ၊ ပြောကြားလာက-နာလွယ်စေ၊
သူမြတ်ပုဂ္ဂိုလ်-ဟူသမျှကို ၊ မကြာခဏ-တွေ့ဆုံလေ၊
သဘာဝတွေး-မှန်ကန်ရေး ၊ ဆွေးနွေးမပြတ်ပေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၃) တပေါ စ
ဗြဟ္မစရိယဉ္စ ၊ အရိယာသစ္စာန ဒဿနံ။
နိဗ္ဗာန
သစိ ၦကိရိယာ စ ၊ ဧတံမဂၤလ မုတၱမံ ။(ပါဠိ)
မဂၤလာတရား
လေးပါး
(က) တပေါ စ = ကိလေသာအပူဝေး၍ ငြိမ်းအေးစွာနေတတ်သောအကျင့်မြတ်ကိုကျင့်ခြင်း၊
(ခ) ဗြဟ္မစရိယဉ္စ =မေထုန်အမှုရှောင်ကြဉ်ပြုလျက် ကောင်းမြတ်သောအကျင့်မြတ်ကိုကျင့်ခြင်း၊
(ဂ) အရိယာသစ္စာန ဒဿနံ=သစ္စာလေးပါးတရားကိုသိမြင်ခြင်း၊
(ဃ) နိဗၺာန သစိ ၦကိရိယာ စ=အရဟတၱဖိုလ္ကို
မျက်မှောက်ပြုခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
လောကီအာရုံ ဇိမ်ရစ်မူးလို့ ၊ အပျော်မကြူးနဲ့-ခြုံးခြံလေ၊
မေတ္တာဗြဟ္မစိုရ်-လက်ကိုင်သုံးလို့ ၊ သူမြတ်ကျင့်ထုံး-ယွင်းမသွေ၊
လေးပါးသစ္စာ-ဉာဏ်မြင်ကြည့်လို့ ၊ အမှန်သိအောင်-ကြိုးစားလေ၊
ဒုက္ခလွတ်ကင်း-နိဗ္ဗာန်ချဉ်း ၊ အလင်းပေါက်နိုင်စေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၄) ဖုဋ္ဌဿ လောကဓမ္မေဟိ
၊ စိတ္တံ ယဿ န ကမ္ပတိ။
အသောကံ
ဝိရဇံ ခေမံ ၊ ဧတံမင်္ဂလ မုတ္တမံ။(ပါဠိ)
မင်္ဂလာတရား
လေးပါး
(က) စိတ္တံ ယဿ န ကမ္ပတ=လာဘာ လာဘ စသည့်ရှစ်တန်လောကဓံ
နှင့်တွေ့ကြုံသောသူ၏
စိတ်သည် ထိတ်ထိတ်မခုန် မတုန်လှုပ်ခြင်း၊
(ခ) အသောကံ = စိုးရိမ်ပူဆွေး ငိုကြွေးမှု
မရှိခြင်း၊
(ဂ) ၀ိရဇံ = ရာဂ,ဒေါသ,မောဟ
မြူမှေး ၊ ညစ်အကြေး မရှိခြင်း၊
(ဃ)ခေမံ =ကြောက်လန့်ဖွယ်ရေး
ဘေးမရှိခြင်း။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
ဆင်းရဲချမ်းသာ-သဘာဝ ၊ တွေ့ကြုံနေကြ-လူတိုင်းပေ၊
ကောင်းဆိုးနှစ်တန်-အစုံတွဲလို့ ၊ တလဲစီလှည့်-အမြဲနေ၊
လောကဓံကြုံ-မဖြုံတမ်းပေါ့ ၊ မတုန်စမ်းနဲ့-စိတ်ခိုင်စေ၊
သောကကိုထိန်း-ရမ္မက်သိမ်း ၊ အေးငြိမ်းချမ်းသာနေ၊
အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။
(၁၅) ဧတာဒိသာနိ
ကတွာန ၊ သဗ္ဗတ္ထ မပရာဇိတာ။
သဗ္ဗတ္ထ
သောတ္ထိံ ဂစ္ဆန္တိ၊ တံ တေသံ မင်္ဂလ မုတ္တမံ။(ပါဠိ)
သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရာတော်တို့ကို သင်အံကြည့်ရှု
လေ့လာမှုနှင့် ပြုကျင့်လိုက်နာခြင်းကြောင့် နေရာတကာ အရာရာမှာ ရန်ဟူသမျှတို့ကို အရှုံးမရှိ
အနိုင်ရကြကုန်၏။ပစ္စုပ္ပန် သံသရာ နှစ်ဖြာသော လောကတို့၌ ဘေးရန်ကင်းဝေး အေးမြချမ်းသာခြင်းသို့
ရောက်နိုင်ကြကုန်၏ ။ ထိုသုံးဆယ်ရှစ်ဖြာ မင်္ဂလာတရားတော်သည် နတ်နှင့်အတူ ခပ်သိမ်းလူတို့အတွက်
မြင့်မြတ်သော မင်္ဂလာတရားတော် မည်၏။(အဓိပ္ပါယ်)
မင်္ဂလာကဗျာ
သုံးဆယ့်ရှစ်ဖြာ-မင်္ဂလာကုံးကို ၊ လိုက်နာကျင့်သုံး-ပန်သူတွေ၊
စီးပွားချမ်းသာ-ကျက်သရေတိုးလို့၊
ကောင်းကျိုးစည်ပွင့်-တဝေေ၀၊
ဘေးကင်းရန်ကွာ-ချစ်သူပေါလို့၊
စိတ်ရော ကိုယ်ရော-ချမ်းသာမလေ၊
ပြောဆိုကြံဆ-ဆောင်သမျှ ၊ အောင်ရမည်ကိန်းသေ၊
အဲဒါကြောင့် ပန်ကြ ဆင်ကြ မင်္ဂလာ့ပန်းခိုင်တွေ။